Saturday, September 11, 2010

နှင်းပွင့်ဖြူ နှင့် စကားစမြည် (၁)

Snow: အကို မသိလောက် တစ်ခုလောက် မေးပါရစေ။

me: မေးပါ ညီမ။

Snow: အဲဒီ NDF ပါတီခေါင်းဆောင်တွေက ဘယ်သူတွေလဲ အကို။

me: ပါတီခေါင်းဆောင်တွေက ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း တို့
ဟိုအယင်က NLD ခေါင်းဆောင်တွေ

Snow: သြော်။ ဟုတ်ကဲ့ အကို။ ဒါနဲ့ သူတို့ကို မဲထည့်တော့ ညီမ တို့ ဘယ်လို အကျိုးတွေ
ခံစား ရမှာတုန်း။ အဲဒါ နဲနဲတော့ ရှင်းပြပေးပါဦးနော် အကို။

me: လက်ရှိဖွဲ့စည်းပုံဥပဒေအရ ဘယ်သူပဲ မဲအများဆုံးနိုင်နိုင် အစိုးရမဖြစ်နိုင်ဘူး
အစိုးရက စစ်အုပ်စုပဲ ဖြစ်အောင် လုပ်ထားတယ်။
ဒါပေမယ့် NDF က ၁၆၀ လုံးနိုင်ယင် အားကောင်းတဲ့အတိုက်အခံဖြစ်နိုင်တယ်။

Snow: ဒါဆို ……………….

me: အားကောင်းတဲ့အတိုက်အခံဖြစ်ယင် တိုင်းပြည်ရဲ့ ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျ
တော့ မဖြေရှင်းနိုင်ဘူး။ ဒါပေမယ့် အစိုးရက လူထုကို မတရားလုပ်တာတွေ၊ အနိုင်ကျင့်
တာတွေကိုတော့ ကာကွယ်နိုင်လိမ့်မယ်။ လောလောဆယ် ရွေးကောက်ပွဲက ဒီအဆင့်
လောက်ပဲ မှန်းလို့ရမယ်။

Snow: တကယ်လို့ သူများတွေ ပြောနေသလို စစ်တပ်ကပဲ အမြဲတမ်း အာဏာကို တစ်သက်လုံးပဲ
ယူထားယင် ဘယ်လိုလုပ်မလဲ အကိုရဲ့။

Me: စစ်တပ်ကပဲ တစ်သက်လုံး အာဏာလိုချင်လို့ ပဲ ဒီလို အခြေခံဥပဒေမျိုးရေးဆွဲပြီး တရားမျှတ
မှုမရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပတာပဲလေ ညီမရဲ့။ ဒါပေမယ့် သူတို့ဟာ ပါတီစုံ ဒီမိုကရေစီ
စနစ် ကို သွားပါမယ်လို့ ကတိခံထားတဲ့အတွက်၊ တခြားပါတီတွေကိုလည်း ၀င်ပြိုင်ခွင့်ပေးရ
တယ်။ လွှတ် တော်ထဲမှာလဲ အတိုက်အခံဆိုတာကို ခွင့်ပြုရတယ်။ ဒါဟာ ဟို အယင် ဗိုလ်ချုပ်
နေ၀င်းလက်ထက် တုန်းက တစ်ပါတီ အာဏာရှင်စနစ်နဲ့ မတူတဲ့ အချက်ပဲ။ ဒါပေမယ့် လက်
ရှိ စစ်အစိုးရဟာ ဒေသ တွင်းမှာရှိတဲ့ စင်္ကာပူလို၊ မလေးရှားလို အစိုးရကချည်းပဲ အမြဲတမ်း နိုင်
နေအောင်၊ အတိုက်အခံ ဘက်မှာ အားနည်းချည့်နဲ့သွားအောင် ကြိုးစားကောင်း ကြိုးစားလိမ့်
မယ်။ အကိုတို့လုပ်ရမယ့် တာဝန်က စင်္ကာပူလို၊ မလေးရှားလို အဖြစ်ခံလို့ မဖြစ်ဘူး။ အကိုတို့
က အတိုက်အခံ တွေဟာ အားကောင်းတဲ့ အတိုက်အခံတွေဖြစ်ရမယ်။ အစိုးရရဲ့ လုပ်ရပ်တွေ
ကို စိန်ခေါ် နိုင်တဲ့ အတိုက် အခံ မျိုးဖြစ်ရမယ်။ အစိုးရ ၀န်ကြီးတစ်ယောက်ကို လွှတ်တော်ထဲမှာ
မေးခွန်းပြန်ထုတ်နိုင်တဲ့၊ မေးခွန်းပြန် ထုတ်ရဲတဲ့ အတိုက်အခံမျိုးဖြစ်ရမယ်။ ဒါမှ အစိုးရက ထင်
သလို လုပ်တတ်တဲ့ အကျင့် ဆိုးတွေကို ထိမ်းလို့ရလိမ့်မယ်လို့ အကိုမြင်တယ်။

Snow: ဒါတော့ ဟုတ်ပါတယ် အကို။ အစိုးရကို မကြောက်မရွံ့ပြန်ပြောရဲ တဲ့ နိုင်ငံရေးသမားတွေ
ညီမတို့ နိုင်ငံမှာ တကယ်ကို လိုနေတာပါ။ ဒါပေမယ့် NDF ကရော ဒီလိုမျိုး သတ္တိရှိပါ့
မလား။

me: NDF ခေါင်းဆောင်တွေက ဟိုအယင်က NLD မှာလုပ်ခဲ့ကြတဲ့ ခေါင်းဆောင်တွေပါ။ ဒီလို လုပ်
ခဲ့ လို့လဲ ထောင်တွေ၊ တန်းတွေ ကျပြီးပြီ။ ၉၀ ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့တဲ့ အတွေ့
အကြုံလဲ ရှိပြီးသား။ ဒါကြောင့် မြန်မာ့နိုင်ငံရေးနဲ့ မစိမ်းတဲ့လူတွေပါ။ သူတို့မှာ အနည်းဆုံး
နိုင်ငံရေးသက် အနှစ် ၂၀ ရှိနေပြီးတော့ စစ်အစိုးရအကြောင်းကိုလည်း ကောင်းကောင်းသိနေ
တဲ့ လူတွေပါ။ အခု ရွေးကောက်ပွဲကို ၀င်ရတာကလည်း လွှတ်တော်ထဲမှာ အတိုက်အခံ
အဖြစ်နဲ့ လူထုရဲ့ အခွင့်အရေး တွေ ကာကွယ်ပေးချင်လို့၊ အာဏာရှိတဲ့လူတွေက အာဏာ
ကို အလွန်အကျွန်သုံးပြီး လူထုကို ဖိနှိပ် နေယင် ထိန်းညှိပေးချင်လို့၊ ဒီထက်ပို အရေးကြီးတဲ့
အချက်ကတော့ ရွေးကောက်ပွဲပြီးယင် အာဏာရလာမယ့် စစ်အုပ်စုကို အတိုက်အခံနဲ့၊ လွှတ်
တော်နဲ့ ဒီမိုကရေစီ နည်းကျ နိုင်ငံရေးလုပ် တတ်အောင် လေ့ကျင့်ပေးချင်လို့ NDF က ရွေး
ကောက်ပွဲဝင်တာပါ။ ဒါကြောင့် လွှတ်တော်ထဲမှာ အားကောင်းတဲ့ အတိုက်အခံရှိရေးအတွက်
NDF ၀င်ပြိုင်မယ့် နယ်တိုင်းမှာ လူထုက ထောက်ခံ အားပေးဖို့ လိုတယ် ညီမ။ ဒီကနေ တစ်
ဆင့် နောက်ရွေးကောက်ပွဲတွေမှာ ၃၃၀ စလုံး အရွေးခံနိုင်ယင် ၃၃၀ စလုံး အနိုင်ရခဲ့ယင်
အခြေခံဥပဒေ ပြုပြင်ရေး နဲ့ နိုင်ငံရေးစနစ် ပြုပြင်ရေးကို ရှေ့တိုးပြီး လုပ်ဆောင်လာနိုင်ပါ
လိမ့်မယ်။

Snow: အကိုပြောတာ ညီမ သဘောပေါက်သွားပြီ။ စိတ်ချပါ အကို။ ညီမ NDF ကိုပဲ မဲထည့်ပါ့
မယ်။

me: ကျေးဇူးတင်ပါတယ် ညီမရယ်။

No comments: