Friday, July 11, 2008

အကယ်၍(IF)

အကယ်များ

ကနောင်မင်းသားကြီး

လုပ်ကြံမခံရပဲ

ရေမြပ်ဗုံးသာတီထွင်နိုင်ခဲ့ယင်။

အကယ်များ

ယောအတွန်းဝန်ဦးဘိုးလှိုင်ရဲ့

ရာဇာ့သင်္ဂဟဒီပနီကျမ်းဟာ

ကျနော်တို့ရဲ့ပထမဆုံး

ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခဲ့ယင်။

အကယ်များ

ဗိုလ်ချုပ်အောင်ဆန်းသာ

လုပ်ကြံမခံရပဲ

ဒီမိုကရေစီအုပ်မြစ်ကို

ခိုင်ခိုင်မာမာချပေးနိုင်ခဲ့ယင်။

အကယ်များ

ဗိုလ်နေ၀င်းနဲ့ ဗိုလ်ဇေယျ

ကာကွယ်ရေးဦးစီးချုပ်လုပွဲမှာ

ဗိုလ်ဇေယျဘက်အနိုင်ရခဲ့ယင်။

အကယ်များ

ဦးနုရဲ့ `နုမူ ၁၄ ရပ်´

အနှောက်အယှက်ကင်းကင်းနဲ့

အကောင်အထည်ပေါ်ခဲ့ယင်။

အကယ်များ

၆၂အာဏာသိမ်းပြီးနောက်

စစ်တပ်ထဲက တိုင်းချစ်ပြည်ချစ်များ

ပြန်လည်အာဏာသိမ်းနိုင်ခဲ့ယင်။

အကယ်များ

အုန်းကျော်မြင့်တစ်ယောက်

ဗိုလ်နေ၀င်းကို

အောင်အောင်မြင်မြင်

လုပ်ကြံသုတ်သင်နိုင်ခဲ့ယင်။

အကယ်များ

၈၈ မှာ

ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး နဲ့ဒေါ်စုတို့

စည်းစည်းလုံးလုံးနဲ့

ကြားဖြတ်အစိုးရဖွဲ့နိုင်ခဲ့ယင်။

အကယ်များ

၈၈ စက်တင်ဘာမှာ

စစ်တပ်က

ပြည်သူ့ဘက်က

မားမားမတ်မတ်ရပ်ခဲ့မယ်ဆိုယင်။

အကယ်များ

နအဖက

ရွေးကောက်ခံနိုင်ငံရေးပါတီကို

ကြည်ကြည်ဖြူဖြူ

အာဏာလွှဲပေးခဲ့ယင်။

ဒါမှမဟုတ်

အကယ်များ

၉၀ ရွေးကောက်ပွဲအပြီး

ဂနီခန်းမမှာ

လွှတ်တော်ခေါ်နိုင်ခဲ့မယ်ဆိုယင်။

အကယ်များ

၁၉၉၈ ခုနှစ်ကတည်းက

NLD မှာ

Road Map ဆိုတာရှိထားခဲ့ယင်။

အကယ်များ

၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးကြီး

အောင်မြင်သွားခဲ့ယင်။

အကယ်များ

သူတို့ရဲ့ ဖွဲစည်းပုံအခြေခံဥပဒေအတွက်

ဆနခံယူပွဲမှာ

နအဖဘက်က

ရိုးသားမှုရှိခဲ့ယင်။

ခင်များတို့

ကျနော်တို့ဟာ

အေးချမ်းသာယာပြီး

ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ

အေးအေးလူလူ

မှေးစက်အနားယူနိုင်ပြီပေါ့။

ကျော်လင်းဦး (၂၀၀၈)